အသင်္ခယာ စောယွန်း

အသင်္ခယာ စောယွန်း (c. ၁၂၉၉– ၅ ဖေဖော်ဝါရီ ၁၃၂၇) သည် စစ်ကိုင်းမင်းဆက်ကို တည်ထောင်ခဲ့သည့် ဘုရင်တစ်ပါးဖြစ်သည်။
အချက်တိုများ: နန်းသက်, ရှေ့မင်းဆက် …
အသင်္ခယာ စောယွန်း
စစ်ကိုင်းဘုရင်
နန်းသက်၁၅ မေ ၁၃၁၅ – ၅ ဖေဖော်ဝါရီ ၁၃၂၇
ရှေ့မင်းဆက်သီဟသူ
ဆက်ခံသူတရဖျားကြီး
မွေးဖွားc. ၁၂၉၉
မြန်မာသက္ကရာဇန် ၆၆၁၊ တနင်္လာ
ပင်လယ်မြို့၊ မြင်စိုင်းနေပြည်တော်
ကွယ်လွန်၅ ဖေဖော်ဝါရီ ၁၃၂၇ (အသက် ၂၇)
မြန်မာသက္ကရာဇ် ၆၈၈၊ တပေါင်းလပြည့်၊ အင်္ဂါနေ့
စစ်ကိုင်းမြို့၊ စစ်ကိုင်းနေပြည်တော်
ကြင်ရာတော်စောနှောင်း
သားသမီးများစိုးမင်း ကိုယ်တော်ကြီး
ကျစွာ
နော်ရထာ မင်းရဲ
တရဖျားငယ်
စံအိမ်မြင်စိုင်း
ခမည်းတော်တစ်စီးရှင် သီဟသူ
မယ်တော်ရတနာပုံ
ကိုးကွယ်မှုထေရဝါဒ ဗုဒ္ဓဘာသာ
ပိတ်ရန်

ပင်းယမြို့တည် တစ်စီးရှင် သီဟသူမင်း နှင့် စစ်ကိုင်းမြို့နယ်အတွင်းရှိ လင်းယဉ်ရွာသူ ရတနာပုံမိဖုရားတို့မှ ဖွားမြင်သော သားတော်ဖြစ်ပြီး သာသနာနှစ် ၁၈၅၉၊ ကောဇာသက္ကရာဇ်-၆၇၇တွင် စစ်ကိုင်းမြို့ကို တည်၍ သီရိအသင်္ခယာဟူသော ဘွဲ့မည်ခံကာ မြန်မာပြည် မြောက်ဘက်တစ်လွှားကို မင်းပြုတော်မူသည်။ နံတော်=တနင်္လာသား၊ အိမ်နိမ့်=၁၄-နှစ်၊ နန်းသက်=၈-နှစ်၊ သက်တော်=၂၂-နှစ် တွင် နတ်ရွာစံသည်။ ကောဇာသက္ကရာဇ်-၆၈၀တွင် ထောင်သင်းအစုနှင့် မြင်းကိုးသင်း ဘွဲ့တော်မူ၏။ ထို့ကြောင့် (ယခုတိုင် စစ်ကိုင်းထောင်သင်း)ဟု၍ တွင်သည်။
အသင်္ခယာစောယွန်းသည် ဘုန်းလက်ရုံးအာဏာနှင့် ပြည့်စုံတော်မူ၏။ ပြည်သူလူထု ရဟန်းတို့အားလည်း သနားကြင်နာတော်မူသည်။ သက္ကရာဇ် ၆၈၂-ခုနှစ်တွင် စင်္ကြန်ကျောင်းဆောက်လုပ်တော်မူပြီး ၆၈၄-ခုတွင် ပြီးစီးသည်။ ထိုနှစ်မှာပင် နတ်ရွာစံတော်မူပြီး နောင်တော် တရဖျားကြီး နန်းဆက်ခံသည်။ ရာဇဝင်ကျော်တွင် သာသနာနှစ် ၁၈၅၂၊ ကောဇာသက္ကရာဇ်-၆၇၀ ဟုပြဆိုသည်။
အသင်္ခယာ စောယွန်းတွင် သမီးတော် စိုးမင်း ကိုယ်တော်ကြီး၊ သားတော် ကျစွာ၊ သားတော် နော်ရထာ မင်းရဲ၊ သားတော် တရဖျားငယ် လေးပါးရှိသည်။

Comments

Popular posts from this blog

အင်းဝတံတား

ဧရာဝတီ တံတား(ရတနာပုံ)