စစ်ကိုင်းမြို့

စစ်ကိုင်းမြို့သည် မန္တလေးမြို့၏ အနောက်တောင်ဖက်၊ ဧရာဝတီမြစ်တစ်ဖက်ကမ်းတွင် တည်ရှိပြီး ဇေယျာရွှေမြေဟု ညွှန်းဆိုထားသည်


စစ်ကိုင်းတိုင်းဒေသကြီး၏ မြို့တော်အဖြစ် သတ်မှတ်ထားသော်လည်း ၂၀၀၀ ပြည့်နှစ် နောက်ပိုင်းတွင် တိုင်းအဆင့် အစိုးရအုပ်ချုပ်ရေးရုံးများ အားလုံးကိုမုံရွာမြို့သို့ ပြောင်းရွှေ့ အခြေစိုက်ခဲ့သည်။ ​​အကြောင်းမှာ နဝတ အစိုးရလက်ထက် မြို့တော်နှင့် စစ်ဌာနချုပ် တွဲရက်မတည်ရှိသော စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်းနှင့် ရခိုင်ပြည်နယ်ရှိ တိုင်းအဆင့်ရုံးများကို သက်ဆိုင်ရာ စစ်ဌာနချုပ် ရှိရာသို့ အုပ်ချုပ်မှု လွယ်ကူစေရန် ပြောင်းခဲ့ရသည်။ သို့သော် ၂၀၀၈ အခြေခံဥပဒေ စတင်အာဏာသက်ရောက်သည့် ၂၀၁၀ခုနှစ်မှစ၍ သက်ဆိုင်ရာမြို့တော်သို့ ပြန်လည်ရောက်ရှိခဲ့သော်လည်း စစ်ကိုင်းတိုင်းအား ချန်လပ်ထားခြင်း ခံရသည်။'သံတံတိုင်း စစ်ကိုင်းတည်'ဟူသော သင်္ကေတအတိုင်း မြန်မာသက္ကရာဇ် ၆၇၇ ခုနှစ်တွင် အသင်္ခယာ စောယွန်းသည် စစ်ကိုင်းမြို့ နေရာတွင် ဇေယျာပူရ(အောင်မြို့) အမည်ဖြင့် စတင် တည်ထောင်ခဲ့လေသည်။ စစ်ကိုင်းတောင်ရိုး တစ်ခုလုံးမှာ ရဟန်းများ၊ သူတော်စင်များ တရားကျင့်သုံးရာ ဂူ၊ ကျောင်း၊ ချောင်များ၊ သီလရှင်များ၏ ချောင်များနှင့် တောင်ထွတ် တောင်ထိပ်တိုင်းတွင် တည်ထားသောစေတီများဖြင့် အလွန်ပင် ကြည်နူးဖွယ် ကောင်းပေသည်။

Comments

Popular posts from this blog

အင်းဝတံတား

ဧရာဝတီ တံတား(ရတနာပုံ)

အသင်္ခယာ စောယွန်း